DELTA DAY ရဲ့ ရည်ရွယ်ချက်က လူတိုင်းကို အမြတ်ရအောင် အာမခံပေးဖို့ မဟုတ်ပါဘူး။ Trading ပညာရေး၊ လေ့လာရေးအရင်းအမြစ်တွေ၊ နည်းပညာဆိုင်ရာ Tools တွေနဲ့ ပြင်ပဝန်ဆောင်မှုဆိုင်ရာ အချက်အလက်တွေကို စုစည်းပြီး လူကြီးမင်းတို့ လေ့လာနှိုင်းယှဉ်နိုင်ဖို့ ကူညီပေးတာပါ။ ကျွန်ုပ်တို့က သုတေသနပြု စုစည်းပေးနိုင်ပေမယ့် ဆုံးဖြတ်ချက်ကိုတော့ လူကြီးမင်းကိုယ်တိုင် နားလည်ပြီး ချမှတ်ရပါမယ်။
ကမ္ဘာ့ဈေးကွက်နဲ့ နည်းပညာဆိုင်ရာ အရင်းအမြစ်တွေကို လေ့လာခွင့်ရဖို့ဟာ အရေးကြီးပါတယ်။ ဒါပေမဲ့ အခွင့်အလမ်းတစ်ခုရှိတယ်ဆိုတာနဲ့ အဲဒီအရာက လုံခြုံတယ်၊ တရားဝင်တယ်၊ အမြတ်ရမယ်လို့ မဆိုလိုပါဘူး။ နားမလည်သေးရင် မလုပ်ပါနဲ့။ ဆုံးရှုံးမှုကို မခံနိုင်ရင် ငွေမထည့်ပါနဲ့။ ဆုံးဖြတ်ချက်မချခင် အချက်အလက်ကို ကိုယ်တိုင်စစ်ဆေးပါ။
General rules, user responsibilities and limits of the platform.
Trading can lead to partial or total loss of capital.
How personal information is handled and protected.
Learning is not a promise of income or trading success.
Product details, compatibility, cancellation and refunds.
Tools and automated systems can fail and lose money.
Brokers, copy traders, signals and independent providers.
Broker တစ်ခုကို စာရင်းထဲမှာ ဖော်ပြထားတာ၊ Ranking ပေးထားတာ၊ Link ချိတ်ထားတာဟာ လိုင်စင်မှန်ကန်ကြောင်း၊ ငွေထုတ်ယူနိုင်ကြောင်း၊ Order Execution ကောင်းမွန်ကြောင်း သို့မဟုတ် လိမ်လည်မှုမရှိကြောင်း အာမခံခြင်း မဟုတ်ပါ။ လိုင်စင်ကို သက်ဆိုင်ရာ Regulator ရဲ့ တရားဝင်ဝက်ဘ်ဆိုက်မှာ စစ်ဆေးပါ။ Deposit/Withdrawal, Spread, Slippage, Order Execution, Account Restriction နဲ့ Customer Support ဆိုင်ရာကိစ္စတွေမှာ သင်ရွေးချယ်ထားတဲ့ Broker ရဲ့ စည်းကမ်းချက်တွေကို ဖတ်ရှုပါ။ တစ်စုံတစ်ယောက်က DELTA DAY အမည်ကိုသုံးပြီး ကိုယ်ပိုင်အကောင့်သို့ ငွေလွှဲခိုင်းခြင်း၊ ချေးငွေ၊ အာမခံငွေ သို့မဟုတ် အပိုငွေ တောင်းခံခြင်းရှိပါက တရားဝင်လမ်းကြောင်းမှ အတည်မပြုမချင်း မပေးပါနှင့်။
Trading products နဲ့ financial services တွေရဲ့ ခွင့်ပြုချက်၊ စည်းမျဉ်းနဲ့ ရရှိနိုင်မှုဟာ နိုင်ငံအလိုက် ကွာခြားပါတယ်။ နိုင်ငံတစ်ခုမှာ တရားဝင်တာက အခြားနိုင်ငံမှာလည်း အလိုအလျောက် တရားဝင်တယ်လို့ မဆိုလိုပါဘူး။ လူကြီးမင်းနေထိုင်ရာနိုင်ငံရဲ့ သက်ဆိုင်ရာဥပဒေကို စစ်ဆေးပြီး မရှင်းလင်းပါက လုပ်ဆောင်မှုကို ရပ်ထားပါ။ ဤ Legal Center က သီးခြားဥပဒေအကြံပေးမှုကို အစားမထိုးပါ။
သင်ရဲ့အနာဂတ် Trading ခရီးစဉ်ဟာသင်မှာ ဘယ်လောက် ပိုက်ဆံ အများကြီးနဲ့စတင်ခဲ့သလေဲဆိုတာအပါ်မှာ မူတည်မနေပါဘူး။
လူကြီးမင်းမှာရှိတဲ့ မှန်ကန်တဲ့ အသိပညာ၊ စည်းကမ်းနဲ စျေးကွက်ရဲ့အမှန်တရားကို ဘယ်လောက်ထိသင်ယူချင်လဲ ဆိုတာပေါ်မူတည်ပါတယ်။
Copyright © 2026 Delta Day. All rights reserved.